ကဗျာပန်းခြံ
ကဗျာချစ်သူများမတွက်
Wednesday, May 7, 2014
Monday, May 5, 2014
Saturday, March 1, 2014
ပန်းရဲ့ညနေ
ပန်တော်လဲးကျ
ရနံ့လဲးမရနဲ့
ပန်းဘဝကနှုတ်ထွက်သူ
မင်မူနဲ့
မင်းယူတဲ့ဘွဲ့
တင့်တယ်မယ်တဲ့လားကွယ်။ ။
ရွက်ကျပင်
Sunday, February 23, 2014
နောက်ပြန်ခြေလှမ်း
လွမ်းလိုက်တာဟာ ငါကပဲးစွဲးလမ်းလိုလား
ဆောင်းညရဲ့ နှင်းအငွေ့အသက်ကြောင့်လား
တကယ်တမ်းတမ်းတတ ကြီးကိုသတိရတယ်
အမိုးအကာမရှိတဲ့ ညတာရှည်ထဲးမှာ
တခြာသူတွေ ရိုးတေနေတဲ့
ကြယ်ကြွေတာလဲး အတူဆုတောင်းခဲ့ဖူးတယ်
အခုတော့ဟောင်းခဲ့ပါပြီလေ
ငါသတိရလို့ တွေဝေတာကလဲး
မာလကာရနံ့ သကြားလုံးလေတွေကြောင့်ပါ
တဘဝတာ မခွဲးခွာချင်လို အဲဒိ သကြာလုံးလေတွေ
မခွဲးပဲးတယောက်တလဲး နှုတ်ခမ်းချင်းခွင့်ကျွေးခဲ့တာလေ
တော်ပါပြီလေ အခုတော့ မင်းလည်း မင်းဘဝနဲ့မင်းဖြစ်နေပြီပဲး
ဒီစာလေးသာ မင်းဖတ်ဖြစ့်ပါစေ ။ ။
ရွက်ကျပင်
23.2.2014
Thursday, February 20, 2014
ငါ့ရဲ့ သဲကန္တာရမှတ်စု
ဓမ္မတေးသံတွေကို တဝီးဝီး ကြားနေရတယ်
တနလာင်္အဖြူကလည်း နွေတလူလူမှာ ဆုတွေတောင်းလို့
ကိုယ်ပိုင် သက္ကရာဇ် (၃၀) ကျော်ချိန်မှာ တစ်ကိုယ်ရည်ဖွဲဖွဲရွာတယ်
ကောင်မလေးရယ် ..
ဘယ်လို နှင်းရာသီမျိုးကျမှ .. မြို့တံခါးက ပွင့်မှာလဲ
နက်ဖြန်ခါမဟုတ်ရင်တောင် နက်ဖြန်ခါမှာ ပြန်လာပါ
နင့်နာမည်လေး ရနံ့ တဝူးဝူးကို
စုန်းတိုက်ခံရတဲ့နေ့
သူများ ဝတ်ထားပြီးသား
မျက်နှာအဟောင်းကြီးနဲ့တော့
ဘဝမှာ လူမလုပ်ချင်ဘူး
လံကွတ်တီစော် နံတယ် ..။
ကဆုန်ပေါက် ပြေးနေတဲ့ အုန်းခွံရောင် တိမ်တစ်စင်းရယ်
မန်းမှုတ်ပြီး ငါပစ်ဖမ်းလိုက်တဲ့ ကြိုးကွင်းတန်းလန်းရယ်
လောကဟာ နေရတာ မလျော့မတင်းကြီးပါပဲကွယ် ..။ ။
တာရာမင်းဝေ
၂၇.၅.၂၀၀၂
Subscribe to:
Comments
(
Atom
)



